ဘိန်းအများဆုံးထုတ်နိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာငွေကြေးလုပ်ငန်းတွေ ပိုမိုစိစစ်ခံရနိုင်
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကြောင့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုတွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ စိစစ်တာတွေ ပိုမိုတင်းကျပ်လာနိုင်ပြီး အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ LA2M လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းရွှေက သုံးသပ်ပါတယ်။
