မြန်မာ့စစ်ပွဲ ဆက်ဖြစ်နေအောင် တရုတ် အဓိကပံ့ပိုးနေဟု ကုလကျွမ်းကျင်သူဆို
ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကယ်လီ ကာရီရဲ့ ဝေဖန်ချက်တွေကို တရုတ်က ပယ်ချခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာ ပဋိပက္ခ တွေ ဆက်ဖြစ်အောင် အဓိကပံ့ပိုးနေသူဟာ တရုတ်ပဲ ဖြစ်တယ်ဆိုတဲ့ သူ့သုံးသပ်ချက်ကို ကာရီက ဆက်လက်ရပ်တည်ပြီး အဲဒီလို မဟုတ်ကြောင်း အထောက်အထားပြဖို့ တရုတ်အရာရှိတွေကို စိန်ခေါ်လိုက်ပါတယ်။
