အနာကျင်ရဆုံးက အမေ ဘယ်မှာရှိနေတယ်၊ ဘယ်လိုနေနေရတယ်ဆိုတာ မသိရတာပါပဲ
ပြီးခဲ့တဲ့ ငါးနှစ်နီးပါးအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိခင်ဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာမှာ ရှိနေတယ်၊ ဘယ်လိုနေနေရတယ်ဆိုတာ မသိရတဲ့ စိတ်ပူပန်သောကတွေနဲ့ နေထိုင်ခဲ့ရကြောင်း သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က ပြောပါတယ်။
