MGM အကြောင်း

MGM Banner

Myanmar Global Media (MGM) သည် ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော သတင်းဌာနတစ်ခု ဖြစ်ပါသည်။ MGM မှ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ မူဝါဒရေးရာ လေ့လာသုံးသပ်နေသူများအတွက် မြန်မာနိုင်ငံ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာနှင့် နိုင်ငံတကာရေးရာ နေ့စဉ်သတင်းများ၊ အထူးသတင်းများ၊ သတင်းမှတ်တမ်းများ၊ အင်တာဗျူးများ၊ ဗဟုသုတပညာပေး အစီအစဉ်များအား အချက်အလက် တိကျမှန်ကန်စွာဖြင့် တင်ပြပေးသွားပါမည်။

မြန်မာဂလိုဘယ်လ်မီဒီယာ (MGM) ရဲ့ ပူးတွဲတည်ထောင်သူများနဲ့ မိတ်ဆက်

မြန်မာဂလိုဘယ်လ်မီဒီယာ (MGM) ကို သတင်းစာပညာ၊ မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ သုတေသနနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံကြွယ်ဝသူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အတည်ပြုစိစစ်ထားပြီး ဘက်ပေါင်းစုံကို ထင်ဟပ်စေတဲ့ မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကို ပြည်တွင်းပရိသတ်တွေ၊ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းတွေနဲ့ ကမ္ဘာတစ်ဝန်းက မူဝါဒချမှတ်သူတွေဆီ ချိတ်ဆက်တင်ပြပေးဖို့ဆိုတဲ့ MGM ရဲ့ ရည်မှန်းချက်ကို ဒီအဖွဲ့က အတူတကွ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

MGM ရဲ့ ပူးတွဲတည်ထောင်သူတွေထဲမှာ သတင်းစာပညာနယ်ပယ်က ဝါရင့်သတင်းသမားတွေနဲ့ ကျွမ်းကျင်သူတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရေးအခြေအနေကြောင့် သူတို့ရဲ့ အမည်၊ ကိုယ်ရေးအချက်အလက်နဲ့ တာဝန်တွေကို အခုအချိန်မှာ အများပြည်သူထံ ထုတ်ဖော်မိတ်ဆက်နိုင်ခြင်း မရှိသေးပါဘူး။ MGM အနေနဲ့ ပူးတွဲတည်ထောင်သူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးကို အထူးဦးစားပေးထားပါတယ်။

MGM ရဲ့ ကရင်နီဒေသ မီဒီယာမိတ်ဖက်

Federal FM — Federal FM ဟာ ကရင်နီဒေသအခြေစိုက် မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတင်းတင်ဆက်မှုတွေ၊ တွေ့ဆုံမေးမြန်းခန်းတွေနဲ့ ပူးတွဲအသံလွှင့်အစီအစဉ်တွေမှာ Myanmar Global Media နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေ ကရင်နီဒေသရဲ့ ယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းတွေကို မြန်မာနိုင်ငံတစ်ဝန်းက ပရိသတ်တွေ၊ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းတွေနဲ့ နိုင်ငံတကာပရိသတ်တွေဆီ ချိတ်ဆက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရှင်းလင်းချက် — အထက်မှာဖော်ပြထားတဲ့ လုပ်ငန်းဆိုင်ရာ ဆက်နွှယ်မှုတွေဟာ ပူးတွဲတည်ထောင်သူတွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြဖို့အတွက်သာ ဖြစ်ပါတယ်။ မြန်မာဂလိုဘယ်လ်မီဒီယာ (MGM) ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး VOA, USAGM, RFA သို့မဟုတ် အဖွဲ့ဝင်တွေ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့၊ ယခင်တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ခြင်း မရှိသလို အဲဒီအဖွဲ့အစည်းတွေရဲ့ ထောက်ခံအသိအမှတ်ပြုမှုကို ကိုယ်စားပြုခြင်းလည်း မရှိပါဘူး။