ကန်-မြန်မာ ထိတွေ့ဆက်ဆံရေးကို ထိုင်းကြိုဆို၊ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် လက်ခံတာမဟုတ်ဟုဆို
နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုချက်ရဖို့ မြန်မာစစ်အုပ်စုက ကြိုးစားနေချိန်မှာ အမေရိကန်နဲ့ မြန်မာအကြား ပြန်လည်ထိတွေ့ဆက်ဆံတာကို ကြိုဆိုကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွန်းကဲ့ရှိုင်း (Sihasak Phuangketkeow) က ပြောကြားလိုက်ပါတယ်။
