သံအမတ်ကြီးကို စစ်ခေါင်းဆောင်တွေက တရားစွဲအရေးယူဖို့ လက်တွေ့မဖြစ်နိုင်
ဦးကျော်မိုးထွန်းကို တရားစွဲအရေးယူဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းချက်ဟာ တရားနည်းလမ်းမကျသလို လက်တွေ့လည်း မဖြစ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာဂလိုဘယ်မီဒီယာ (MGM) ကို ပြောပါတယ်။
