မြန်မာ | ကဏ္ဍ ခွဲမထား | သတင်း
ရခိုင် ကျောက်တော်မြို့ပေါ် မြန်မာစစ်တပ် ဗုံးကြဲ၊ သေဆုံးသူ ၄၆ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေပြော
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက လေကြောင်းကနေ ဗုံးကြဲခံရပြီး အရပ်သား ၃၃ ဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက မြန်မာဂလိုဘယ်လ်မီဒီယာ (MGM)ကို ပြောပါတယ်။ အခုလို သေဆုံးစာရင်းတွေနဲ့ပတ်သက်လို့ AA ဘက်က အတည်ပြုထားပါတယ်။
