NY Times Report on Myanmar (Burma)

ကမ္ဘာကြီး‌ မေ့လျော့နေတဲ့ မြန်မာအညာဒေသ စစ်ဘေးကပ်ဆိုးကြီး

နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ဇွန်လ ၂၄ ရက်နေ့က ဖေါ်ပြခဲ့တဲ့ “The War Forgotten by the World Is an Apocalypse Now” ဆိုတဲ့ ဆောင်းပါးဟာ စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ စစ်ပွဲရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ကမ္ဘာ့ပရိသတ်ထံ တင်ပြထားပါတယ်။

အလယ်ပိုင်း အညာဒေသက စစ်မက် ဖြစ်ပွားနေတဲ့ နေရာတွေကို နယူးယောက်တိုင်းမ်စ် သတင်းထောက် Hannah Beech နဲ့ ဓာတ်ပုံသတင်းထောက် Daniel Berehulak တို့ အန္တရာယ်တွေကြားကနေ စွန့်စွန့်စားစားသွားရောက်ပြီး တင်ပြထားတဲ့ ဒီသတင်းကို မြန်မာဂလိုဘယ်လ် မီဒီယာ (MGM) ကနေ ထပ်ဆင့် မျှဝေလိုက်ပါတယ်။