အစဉ်အလာမပြတ် ကျင်းပဆင်နွှဲတဲ့ သီတင်းကျွတ်ပွဲတော်
တနှစ်ထက်တနှစ် ပိုစည်ကားလာတယ်။ ကွန်မြူနတီက ပိုပြီးစုစုစည်းစည်း ဖြစ်လာတယ်။ ဒီနှစ်ဆိုရင် အလှူကျွေးမွေးသူပေါင်း ၄၀ ကျော်ထိ ရှိလာတယ်။ မျိုးဆက်သစ်တွေ ပါဝင်လာတာဟာ အားတခုပါပဲ။
တနှစ်ထက်တနှစ် ပိုစည်ကားလာတယ်။ ကွန်မြူနတီက ပိုပြီးစုစုစည်းစည်း ဖြစ်လာတယ်။ ဒီနှစ်ဆိုရင် အလှူကျွေးမွေးသူပေါင်း ၄၀ ကျော်ထိ ရှိလာတယ်။ မျိုးဆက်သစ်တွေ ပါဝင်လာတာဟာ အားတခုပါပဲ။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကြောင့် နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုတွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ စိစစ်တာတွေ ပိုမိုတင်းကျပ်လာနိုင်ပြီး အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ LA2M လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းရွှေက သုံးသပ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိလာချိန် မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာကို အရင်အတိုင်း ဆက်လက်ထားရှိဖို့ မြန်မာနွယ်ဖွား ၁၀၀၀ နီးပါး ကုလသမဂ္ဂဌာနချုပ်အနီးမှာ စက်တင်ဘာလ (၁၉) ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကတော့ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ ရန်ပုံငွေ ရှာဖွေပွဲတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးတဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်ကျင်းပနေတဲ့ အရေးပါတဲ့နေရာ ဖြစ်လာပါတယ်။
“အခု ၂၀၂၁ နွေဦးတော်လှန်ရေး ရောက်လာတော့ မျိုးဆက်သစ်လူငယ်တွေက ဦးဆောင်ပြီး လုပ်ကြတယ်။ ကျနော်တို့ ၈၈ မျိုးဆက်တွေက နောက်ကနေ ပံ့ပိုးပေးတယ်။ ၈၈ မျိုးဆက်တွေရဲ့ တာဝန်ကျေဖို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ ဆက်လက်ပါဝင်ကြိုးပမ်းနေပါတယ်။”
အားလုံး သိထားတဲ့အတိုင်းပဲ သူတို့ (စစ်တပ်) ကတော့အတုအယောင်တွေနဲ့ နိုင်ငံတကာကို လှည့်စားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သက်ရှိထင်ရှားရှိမယ်၊ ကျန်းကျန်းမာမာရှိမယ်ဆိုရင် နိုင်ငံတကာခေါင်းဆောင်တွေ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးရမှာဖြစ်ပါတယ်။
“ဒီကမ်ပိန်းကို လုပ်ရတဲ့အကြောင်းအရင်းက ကျနော်တို့တိုင်းပြည်မှာ ကျနော်တို့ နိုင်ငံ့ခေါင်းဆောင် အကျဥ်းကျခံနေရတယ်။ သူနဲ့အတူ နိုင်ငံရေးအကျဥ်းသားတွေဟာလည်း ထောင်ထဲတွေမှာ ကနေ့အချိန်ထိ ငါးနှစ်ကျော်ကြာ အကျဥ်းကျခံနေရတဲ့အတွက် တောင်းဆိုလှုပ်ရှားကြတာဖြစ်တယ်။