ဖက်ဒရယ်ဒီမိုကရေစီရတဲ့အထိ ဆက်လျှောက်မယ် — မြန်မာ Gen Z ရဲ့ ရည်မှန်းချက်
Prague, Czech Republic — “စစ်တပ်က ဘယ်လိုနည်းဗျူဟာတွေ သုံးလာပါစေ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်” လို့ GSCB အတွင်းရေးမှူးအဖွဲ့ဝင် ကိုဘုန်းသစ်က မြန်မာဂလိုဘယ်မီဒီယာ (MGM) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့က Forum 2000 ရဲရင့်မှုနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုကို ကိုယ်စားလက်ခံရယူခဲ့တဲ့ ကိုဘုန်းသစ်အား ဆုရရှိမှုရဲ့ အဓိပ္ပာယ်နဲ့ မြန်မာလူငယ်တွေရဲ့ ရှေ့ဆက်ရည်မှန်းချက်အကြောင်း MGM က မေးမြန်းထားပါတယ်။
