ကိုမင်းဇင် လွတ်မြောက်ရေး သမ္မတထရမ့် ကြားဝင်ပေးဖို့ ဇနီး တောင်းဆို
တရုတ်နိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား မြန်မာသုတေသီကိုမင်းဇင်အား အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ ထည့်သွင်းဆွေးနွေးပေးဖို့ ဇနီးဖြစ်သူ ဆယ်လ်ဗီယာဇင်က တောင်းဆိုလိုက်ပါတယ်။
