| |

ကိုမင်းဇင် လွတ်မြောက်ရေး သမ္မတထရမ့် ကြားဝင်ပေးဖို့ ဇနီး တောင်းဆို

(ဝါရှင်တန်ဒီစီ) – တရုတ်နိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား မြန်မာသုတေသီကိုမင်းဇင်အား အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ ထည့်သွင်းဆွေးနွေးပေးဖို့ ဇနီးဖြစ်သူ ဆယ်လ်ဗီယာဇင်က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၆ ရက်က ဝါရှင်တန်ဒီစီ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ ဆယ်လ်ဗီယာဇင်က သူ့ခင်ပွန်းဟာ တရုတ်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မရသေးသလို၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မိသားစုက မသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ကိုမင်းဇင်ကို အစောပိုင်းမှာ နေ့စဉ် လေးနာရီကနေ ခြောက်နာရီအထိ စစ်ဆေးမေးမြန်းခဲ့ပြီး၊ တချိန်လုံး မီးထွန်းထားတဲ့ အခန်းကျဉ်းလေးတစ်ခုမှာ ထိန်းသိမ်းထားကြောင်း သိရှိရတယ်လို့လည်း သူက ဆိုပါတယ်။

UC Berkeley တက္ကသိုလ်ရဲ့ သုတေသီ နဲ့ ISP Myanmar အမှုဆောင်ဒါရိုက်တာ ကိုမင်းဇင်ဟာ တရုတ်နိုင်ငံကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ဖို့ သွားရောက်ချိန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Similar Posts