၅ နှစ်ကျော်အကြာ မိခင်ရဲ့အသံ ပြန်ကြားရတာ စကားလုံးနဲ့ ဖော်ပြမရအောင် အဓိပ္ပာယ်ရှိ
စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် (Kim Aris) တို့ ငါးနှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်စကားပြောခွင့်ရခဲ့ပါတယ်။
