အမေရိကန်လွှတ်တော်ကို ဘယ်ပါတီ ထိန်းချုပ်မလဲ — စောင့်ကြည့်ရမယ့် ပြည်နယ် ခုနစ်ခု
နိုဝင်ဘာလ (၃) ရက်မှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပါပလစ်ကန်ပါတီက လွှတ်တော်ကို ဆက်ထိန်းချုပ်နိုင်မလား၊ ဒီမိုကရက်တစ်ပါတီက အာဏာချိန်ခွင်လျှာကို ပြောင်းလဲနိုင်မလား။
လွှတ်တော်အနိုင်အရှုံးဟာ ဥပဒေပြုရေးနဲ့ သမ္မတအာဏာကို ထိန်းကျောင်းစစ်ဆေးရေးအတွက် အရေးကြီးတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် Burma Research Institute (BRI) ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Zo Tum Hmung က မြန်မာဂလိုဘယ်လ်မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
ဒီတကြိမ် သက်တမ်းဝက်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ လွှမ်းမိုးဖို့ ရှိတယ်လို့ အမေရိကန်သတင်းဌာနတွေရဲ့ စစ်တမ်းတွေမှာ ဖေါ်ပြနေပါတယ်။
အထက်လွှတ်တော်အတွက်တော့ အကြိတ်အနယ်ယှဥ်ပြိုင်မယ့် အက်လက်စကား၊ အိုင်အိုဝါ၊ ကန်ဆက်၊ မိန်း၊ မစ်ရှီဂန်၊ အိုဟိုင်းယိုးနဲ့ တက္ကဆက် ပြည်နယ်တို့ကို အဓိက စောင့်ကြည့်ရမယ်လို့ Zo Tum Hmung ကသုံးသပ်ပါတယ်။
ရီပါပလစ်ကန် အမာခံပြည်နယ်တွေမှာ စိန်ခေါ်မှု ဘယ်လောက်ရှိလာနိုင်သလဲ။ မစ်ရှီဂန်က ဒီမိုကရက်တစ်နေရာကို ရီပါပလစ်ကန်တွေ ရယူနိုင်မလား။ အပြည့်အစုံကို MGM ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကြည့်ရှုနိုင်ပါတယ်။
