|

TPS အဆုံးသတ်ပြီးနောက် မြန်မာတွေ ဘာတွေ ပြင်ဆင်ထားသင့်သလဲ

သမ္မတထရမ့်အစိုးရက အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် (asylum)လျှောက်ထားထားသူ ဒါမှမဟုတ် လျှောက်ထားဆဲဖြစ်တဲ့ B-1/B-2 business နဲ့ အလည်အပတ် တိုးရစ်ဗီဇာ ကိုင်ဆောင်သူ ၂၀၀,၀၀၀ အထိ ဗီဇာတွေကို ရုပ်သိမ်းဖို့ ပြင်ဆင်နေပါတယ်။

တဘက်မှာလည်း မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ပေးထားတဲ့ Temporary Protected Status (TPS) ကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဖက်ဒရယ်တရားရုံးက သြဂုတ်လ ၇ ရက်နေ့မှာ ဆက်လက်အကောင် အထည်ဖော်ခွင့် ပြုခဲ့ပါတယ်။

ဒါကြောင့် TPS အကာအကွယ်ရရှိခဲ့တဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးအနေနဲ့ asylum လျှောက်ထားထားရုံနဲ့ လုံလောက်ပါသလား။ လက်ရှိ ပိုမိုတင်းကျပ်လာတဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးမူဝါဒအောက်မှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါသလဲ။

မြန်မာဂလိုဘယ်လ် မီဒီယာ (MGM) နဲ့ ဖက်ဒရယ် FM တို့ ပူးပေါင်းထုတ်လွှင့်တဲ့ အစီအစဉ်မှာ နယူးယောက် အခြေစိုက် USIRD ရဲ့ အမှုဆောင်ဒါရိုက်တာနဲ့ Myanmar Center ဥက္ကဋ္ဌ ကိုရဲရင့်မြင့်မိုရ်က ရှင်းပြထားပါတယ်။

အဓိက ဆွေးနွေးထားတဲ့အချက်တွေက —

  • TPS အဆုံးသတ်ပြီးနောက် အခြားတရားဝင် နေထိုင်ခွင့် မရှိသူတွေ အနေနဲ့ အမေရိကန်ကနေ တရားဝင်နှင်ထုတ်ခွင့် (removal proceedings) ရင်ဆိုင်ရနိုင်ခြေ
  • F-1၊ H-1B စတဲ့ ဗီဇာ ကိုင်ဆောင်ထားသူတွေ မိမိရဲ့ လက်ရှိအခြေအနေကို ပြန်လည်စစ်ဆေးထားဖို့ လိုအပ်ချက်
  • ခိုလှုံခွင့်ရဖို့ လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ဆုံးဖြတ်ချက် စောင့်ဆိုင်းနေသူတွေအနေနဲ့ ကိုယ့်အမှုအခြေအနေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရှေ့နေ နဲ့ တိုင်ပင်စစ်ဆေးသင့်တာ
  • DHS သို့မဟုတ် ICE ရဲ့ ဆင့်ခေါ်စာ (call-in letter) ရလာရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲ
  • ICE က ဖမ်းဆီးထိန်းသိမ်းလာပါက bond hearing အတွက် လိုအပ်တဲ့ စာရွက်စာတမ်း၊ စပွန်စာ နဲ့ အာမခံငွေကိစ္စတွေကို ဘယ်လို ကြိုတင်ပြင်ဆင်ထားသင့်သလဲ
  • ခိုလှုံခွင့်၊ F-1၊ H-1B သို့မဟုတ် အခြားတရားဝင် နေထိုင်ခွင့်လမ်းကြောင်းတွေ ရှိမရှိ အချိန်မီ စစ်ဆေးထားဖို့ အရေးကြီးတာ

လူတဦးချင်းစီရဲ့ နေထိုင်ခွင့် အခြေအနေ မတူညီတာကြောင့် ယုံကြည်ရတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေ ဒါမှမဟုတ် တရားဝင်အဖွဲ့အစည်းတွေနဲ့ မိမိရဲ့အမှုကို သီးခြားတိုင်ပင်ဖို့လည်း ကိုရဲရင့်မြင့်မိုရ်က အကြံပြုထားပါတယ်။

Similar Posts