ဘုရင်ချားလ်စ် ပေးပို့တဲ့စာအုပ်တွေ လပေါင်းများစွာကြာမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့
ဗြိတိန်ဘုရင် ချားလ်စ် (King Charles III) က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ပေးပို့ခဲ့တဲ့ စာအုပ်နှစ်အုပ်ကို မြန်မာစစ်အုပ်စုက လပေါင်းများစွာ ကြာမှ ပေးအပ်ခဲ့တယ်လို့ ယုံကြည်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က မြန်မာဂလိုဘယ်မီဒီယာ (MGM) နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောပါတယ်။
