စစ်အုပ်စု အကြပ်အတည်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ဖုန်းပြောခွင့်ပေးလာတာ ဖြစ်နိုင်ဟု နီးစပ်သူ သုံးသပ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ်တို့ကို ငါးနှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ပေးလာတာဟာ စစ်အုပ်စု ဘက်က အကြပ်အတည်းတွေ ပိုရင်ဆိုင်လာရချိန် တဖက်မှာလည်း နိုင်ငံတကာဖိအားတွေ တိုးလာတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ ဦးကျော်ဌေးဦးက သုံးသပ်ပါတယ်။
