လာဇာရိုရဲ့ မြန်မာခရီးစဉ် — အကျပ်အတည်းဖြေရှင်းဖို့ လမ်းစလား၊ စစ်အုပ်စုအတွက် သံတမန်ရေးအမြတ်လား
အာဆီယံ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရိုရဲ့ မြန်မာခရီးစဉ်က လူသားချင်းစာနာရေးအကူအညီ ပိုမိုရောက်ရှိဖို့အပြင် နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးမှာပါ လမ်းစဖော်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
